ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်း ဥပဒေ” ပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန်

(GMT+08:00)2024-02-01 14:15:49  

ဇန်နဝါရီလ ၃၁ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အစိုးရပိုင်မီဒီယာမှတစ်ဆင့် “နိုင်ငံရေး မှတ်ပုံတင်ခြင်း ဥပဒေ”ပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း၊ မူလဥပဒေပါ ပြဋ္ဌာန်းချက် အချို့ကို ပြင်ဆင် သို့မဟုတ် ဖြေလျှော့ ပေးခဲ့ကြောင်း၊ ၎င်းအနက် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီဝင်ဦးရေကို ၅သောင်းအထိ ပြောင်းလဲခြင်း၊ နိုင်ငံရေးပါတီ ရုံး ထူထောင်ရေး အတိုင်းအတာကို မြို့နှင့်မြို့နယ်အားလုံး၏ ထက်ဝက်မှနေ မြို့နယ်အားလုံး၏ သုံးပုံတစ်ပုံအထိသာ  ပြောင်းလဲခြင်း၊ နိုင်ငံရေးပါတီရုံးဌာနကို အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်ပြီး ထားရှိခြင်းတို့ ပါဝင်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံရေးပါတီ ၄၀ကျော် မှတ်ပုံတင်ရန် အတည်ပြုချက်  ရယူထားသည် ဟု သတင်းရရှိပါသည်။