တစ်ခုတလေသောကိစ္စကြောင့် ပါလက်စတိုင်းပြည်သူများအား အပြစ်ပေး အရေး ယူမှုအပိုများ မဖြစ်စေသင့်ဟု တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00)2024-02-01 13:57:56  

ကုလသမဂ္ဂ UNRWA အေဂျင်စီမှ အမှုထမ်းများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဟားမတ်စ်အဖွဲ့မှ အစ္စရေးအား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရသဖြင့် နိုင်ငံအချို့သည် ၄င်းအေဂျင်စီထံသို့ ငွေကြေးထောက်ပံ့မှု ခေတ္တ ရပ်စဲကြောင်း ကြေညာခဲ့ကြပါသည်။

    ဇန်နဝါရီလ ၃၀ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပါလက်စတိုင်း- အစ္စရေးအခြေအနေ စသည့်ရေးရာများနှင့်ပတ်သက်၍ တံခါးပိတ်အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေး ကျင်းပပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက သက်ဆိုင်ရာ စုံစမ်း စစ် ဆေးမှုကို လွတ်လပ်စွာ၊ တရားမျှတစွာ၊ အဖြစ်မှန်နှင့် ကိုက်ညီစွာ ပြုလုပ်နိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည့်အပြင် တစ်ခုတလေသောကိစ္စကြောင့် ပါလက်စတိုင်းပြည်သူများအား အပြစ်ပေး အရေးယူမှုအပိုများ မဖြစ်စေသင့်ဟုလည်း ပန်ကြားခဲ့ပါသည်။