ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2024-02-01 14:12:40  

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အစည်းအဝေးကို ကျင်းပပြီး "တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာ ကော်မတီ၊ ပြည်သူ့တရားရုံးချုပ်၊ ပြည်သူ့ရှေ့နေချုပ် ရုံးမှ ပါတီအဖွဲ့ လုပ်ငန်းအစီရင်ခံစာနှင့် ဗဟို အတွင်းရေးမှူးဌာန လုပ်ငန်း အစီရင်ခံစာကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီက ကြားနာ လေ့လာရေးဆိုင်ရာ အထွေထွေ အစီရင်ခံစာ"၊ "ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို ပါတီတစ်ရပ်လုံး လေ့လာ သင်ယူ ဖော်ဆောင်ရေးဆိုင်ရာ ပေါင်းရုံးသုံးသပ် အစီရင်ခံစာ"၊ "ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လေ့လာသင်ယူ ဖော်ဆောင်မှု အောင်မြင်မှုရလဒ်များ ခိုင်ခံ့ တိုးချဲ့ရေးဆိုင်ရာ အကြံပြုချက်" နှင့် "တရုတ်ကွန်မြူနစ်ပါတီ ကြပ်မတ်စစ်ဆေးရေးလုပ်ငန်း စည်းမျဉ်း"တို့ကို စိစစ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။

 ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ပြည်လုံးဆိုင်ရာ ကော်မတီ၊ ပြည်သူ့တရားရုံးချုပ်၊ ပြည်သူ့ရှေ့နေရုံးချုပ်မှ ပါတီ အဖွဲ့နှင့် ဗဟိုအတွင်းရေးမှူးဌာနများ၏ လုပ်ငန်းကို အပြည့်အဝ အတည်ပြုခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။