၂၀၂၃ခုနှစ်အတွင်း တရုတ် မော်တော်ကား တင်ပို့ရောင်းချမှု ပမာဏဟာ ၄.၉၁ သန်း ရှိပြီး ဂျပန်ကို ကျော်လွန်ကာ ကမ္ဘာ့ ပထမနေရာသို့ ရောက်ရှိ

(GMT+08:00)2024-02-01 14:13:29  

တရုတ် မော်တော်ကား စက်မှုလုပ်ငန်း အသင်းမှ သတင်းအရ ဇန်နဝါရီလ ၃၁ ရက်နေ့က ဂျပန် မော်တော်ကား စက်မှုလုပ်ငန်း အသင်းသည် ၂၀၂၃ခုနှစ် ဂျပန် မော်တော်ကား တင်ပို့ရောင်းချမှု ပမာဏဆိုင်ရာ ဒေတာများကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ခုနှစ်အတွင်း ဂျပန် မော်တော်ကား တင်ပို့ရောင်းချမှု ပမာဏမှာ ၄.၄၂ သန်း ရှိကြောင်း ကြေညာခဲ့သည်။ ယင်းမတိုင်မီက တရုတ် မော်တော်ကား စက်မှုလုပ်ငန်း အသင်းမှ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း တရုတ် မော်တော်ကား တင်ပို့ရောင်းချမှု ပမာဏမှာ ၄.၉၁ သန်းရှိ သောကြောင့် တရုတ်နိုင်ငံမှ မော်တော်ကား တင်ပို့ရောင်းချမှုသည် ဂျပန်ကို ပထမဆုံးအကြိမ် အဖြစ် ကျော်လွန်ကာ တရုတ်နိုင်ငံသည် ကမ္ဘာ ပေါ်တွင် မော်တော်ကားအများဆုံး  တင်ပို့ရောင်းချ သည့်နိုင်ငံ ဖြစ်လာနေပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။