အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုကို ထိရောက်စွာ တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-02-01 15:10:43  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ၁၁ ကြိမ်မြောက် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ တွန်းအားပေးရေးဆိုင်ရာ စုပေါင်းလေ့လာသင်ယူမှု ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ခေတ်သစ်တွင် မရှိမဖြစ် ဆိုသည်ကို စွဲစွဲမြဲမြဲ မှတ်ထားရမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ဘက်စုံ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ အရည် အသွေးသစ် ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုး တိုးတက် ရေးကို တွန်းအားပေးရန် လိုအပ်ချက်နှင့် ကြိုးပမ်းဆောင်ရွက်ဖို့ အဓိက အချက် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး လုပ်ငန်းကို ဆက်လက် ကောင်းမွန်စွာ ဆောင်ရွက်ပြီး အရည်အသွေး သစ် ကုန်ထုတ်စွမ်းအား ပိုမို လျင်မြန်စွာ တိုးတက်လာရန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးသည် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး၏ အောက်ခံ အရောင် ဖြစ်ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ကိုယ်၌ပင် အစိမ်းရောင် ကုန်ထုတ်စွမ်းအား ဖြစ်ကြောင်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်လိုလျှင် ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဇောက်ချ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု China Media Groupမှ သတင်းအရ သိရပါသည်။