ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့သည် ၂၀၂၄ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၃.၁ ရာခိုင်နှုန်းသို့ မြှင့်တင်သတ်မှတ်

(GMT+08:00)2024-01-31 14:09:52  

ဇန်နဝါရီလ ၃၀ ရက်နေ့က ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့သည် ကမ္ဘာ့စီးပွားရေးအလားအလာ အစီရင် ခံစာသစ်ကို ထုတ်ပြန်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၃.၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ခန့်မှန်း ချက်ထက် ဝ.၂ ရာခိုင်နှုန်း တိုးလာကြောင်း၊ ၂၀၂၅ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၃.၂ ရာခိုင်နှုန်း ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။