ရှီကျင့်ဖိန်သည် မလေးရှားနိုင်ငံ၏ အမြင့်ဆုံး နိုင်ငံတော် အကြီးအကဲသစ် အီဘရာဟင်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-01-31 16:11:43  

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီဘရာဟင်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ပြီး ၎င်းအား မလေးရှားနိုင်ငံ၏ အမြင့်ဆုံး နိုင်ငံတော် အကြီးအကဲ အဖြစ်  ထမ်းဆောင်ခြင်းကို ထောမနာ ပြုခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် မလေးရှား နှစ်နိုင်ငံတို့သည် ၁၉၇၄ ခုနှစ်က သံတမန် ဆက်ဆံရေး ထားရှိလာကတည်းက အပြန်အလှန် လေးစားရေး၊ အပြန်အလှန် အကျိုးရှိစေရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးကြီး အောင်မြင်မှုများ ရရှိကာ နှစ်ဖက်ဆက်ဆံမှုသည် အရှိန်ကောင်းမွန်စွာ တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်သည် တရုတ်နှင့် မလေးရှား သံတမန် ဆက်ဆံရေး ထားရှိခြင်း နှစ် ၅၀ ပြည့်မြောက်သည့်နှစ်နှင့် တရုတ်-မလေးရှား ချစ်ကြည်ရေးနှစ် ဖြစ်ပြီး မလေးရှားနိုင်ငံသည် တရုတ်-အာဆီယံ ဆက်ဆံမှု ညှိနှိုင်းရေး နိုင်ငံ အဖြစ် ထမ်းဆောင်မည် ဖြစ်၍ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးသည် အရေးကြီး အခွင့်အလမ်းသစ်ကို ရင်ဆိုင်နေကြောင်း၊ မိမိသည် အမြင့်ဆုံး နိုင်ငံတော် အကြီးအကဲ အီဘရာဟင်နှင့် ချစ်ကြည်ရေး ကူးလူးဆက်ဆံမှုကို ပြုလုပ်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမို များပြားသော ချမ်းသာသုခများ ဆောင်ကြဉ်းပေး၍ ဒေသတွင်း စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးအတွက် ပိုမို ကြီးမားသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်လိုပါကြောင်း ဖော်ပြထားပါသည်။