Huangyan ကျွန်းအတွင်းသို့ ဖိလစ်ပိုင်က တရားမဝင် ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ တရုတ်ပင်လယ် စောင့်ကြပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00)2024-01-31 17:11:43  

တရုတ်ပင်လယ် စောင့်ကြပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က ဇန်နဝါရီလ ၂၈ ရက်နေ့က ဖိလစ်ပိုင်အမှုထမ်း လေးဦးသည် တရုတ်နိုင်ငံ Huangyan ကျွန်းအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ တရုတ်ပင်လယ် စောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ ၎င်းတို့အား ဥပဒေနှင့်အညီ သတိပေးပြီး နှင်ထုတ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ကိုင်တွယ်ဖြေရှင်းမှုမှာ ပရိုဖက်ရှင်ကျပြီးစံကိုက် ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံသည် Huangyan ကျွန်းနှင့် ကပ်လျက်ရေပိုင်နက်အပေါ် မငြင်းသာသော  အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး ဖိလစ်ပိုင်၏ ကျူးလွန်မှုလုပ်ရပ်ကို အမြဲတမ်းပြတ်ပြတ်သားသား ဟန့်တား ခဲ့သည်။ တရုတ်ပင်လယ် စောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံ၏ပင်လယ်ပိုင်နက်အတွင်း အခွင့်အရေးကို ထိန်းသိမ်း ကာကွယ်ပြီး ဥပဒေကို ကျင့်သုံးကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာအခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ် ထိန်းသိမ်းမည် ဖြစ်ပါသည်။