"Qiushi" မဂ္ဂဇင်းတွင် သမ္မတရှီကျင့်ဖိန်၏ အရေးကြီးသောဆောင်းပါးကို ထုတ်ပြန်

(GMT+08:00)2024-01-31 16:45:11  

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ဝေသော "Qiushi" မဂ္ဂဇင်းတွင် တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ "တရုတ်အမျိုးသားအသိုက်အဝန်းအယူအဆကို ခိုင်မာစေပြီး ခေတ်သစ်တွင် ပါတီ၏ တိုင်းရင်းသားလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း” ခေါင်းစဉ် ဖြစ်သော ဆောင်းပါးကို ထုတ်ပြန်မည်ဖြစ်သည်။

 အင်အားတောင့်တင်းသော ခေတ်မီ ဆိုရှယ်လစ်နိုင်ငံဖြစ်အောင် ဘက်စုံတည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးမှ ချန်ထားလို့မရကြောင်း၊ ပါတီ၏ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ အစီအမံများကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုကို ခိုင်ခိုင်မာမာ တွန်းအားပေးရမည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထား ပါသည်။