ရှီကျင့်ဖိန်သည် Nauru နိုင်ငံ လွတ်လပ်ရေးနေ့တွင် Nauru နိုင်ငံ သမ္မတ Adeang အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-01-31 10:28:37  

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Nauru နိုင်ငံ သမ္မတ Adeang အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး Nauru နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၅၆ နှစ် ပြည့်မြောက်ခြင်းကို ထောမနာ ပြုခဲ့ပါသည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် မကြာမီက တရုတ်နှင့် Nauru နိုင်ငံတို့သည် သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခဲ့ပြီး နှစ်ဖက်ဆက်ဆံရေးသည် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် လိုက်ကြောင်း၊ သမ္မတ Adeang သည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို အသိအမှတ် ပြုခြင်းဆိုင်ရာ နိုင်ငံရေး ဆုံးဖြတ်ချက်ကို ပြုခဲ့ပြီး ယင်းကို မိမိက လွန်စွာ တန်ဖိုးထား ချီးကျူးပါကြောင်း၊ မိမိသည် တရုတ်နှင့် Nauru နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ Adeang နှင့်အတူ နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရန်၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးရန်၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ တိုးတက်လာရန်၊ နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးရန် ကြိုးပမ်း ဆောင်ရွက် လိုပါ ကြောင်း ဖော်ပြ ထားပါသည်။