ရှီကျင့်ဖိန်၏ နိုင်ငံရေးစီမံခန့်ခွဲမှု စာအုပ် စတုတ္ထတွဲကို ဘာသာပြန်ထုတ်ဝေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ

(GMT+08:00)2024-01-31 14:08:29  

ရှီကျင့်ဖိန်၏ နိုင်ငံရေးစီမံခန့်ခွဲမှု စာအုပ် စတုတ္ထတွဲကို ဘာသာပြန်ထုတ်ဝေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီလ ၃၀ရက်နေ့က ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ထိုင်းနိုင်ငံနိုင်ငံရေးသုတေသန အသင်း ထိုင်း-တရုတ်“Belt and Road”ပူးပေါင်းဆောင်ရွက်မှု သုတေသနစင်တာ၊ ပါကစ္စတန်နိုင်ငံ ပါကစ္စတန်- တရုတ် အကယ်ဒမီ အသင်းနှင့် ကာဂျစ္စတန် Roza Otunbayeva အဆိုပြုချက် နိုင်ငံတကာ ရန်ပုံငွေအဖွဲ့စသည့် နာမည်ကျော် နိုင်ငံခြားပုံနှိပ်ထုတ်ဝေရေးအဖွဲ့အစည်း ၂၀ သည် ရှီကျင့်ဖိန်၏ နိုင်ငံရေး စီမံခန့်ခွဲမှု စာအုပ် စတုတ္ထတွဲ ဘာသာမျိုးစုံ ဘာသာပြန် ထုတ်ဝေရန် နားလည်မှု စာချွန်လွှာကို တရုတ်နိုင်ငံခြားဘာသာဦးစီးဌာနနှင့် လက်မှတ် ရေးထိုးခဲ့ကြပါသည်။