တရုတ်ဗဟိုစစ်ရေးကော်မရှင်သည် ဘေကျင်းမြို့ရှိတပ်ဖွဲ့များမှ ကေဒါခေါင်းဆောင်ဟောင်းများအတွက် နွေဦးပွဲတော် အနုပညာပဒေသာကပွဲကို ကျင်းပ

(GMT+08:00)2024-01-31 14:07:41  

တရုတ်ဗဟိုစစ်ရေးကော်မရှင်သည် ဘေကျင်းမြို့ရှိ တပ်ဖွဲ့များမှ ကေဒါခေါင်းဆောင်ဟောင်းများအတွက် နွေဦးပွဲတော် အနုပညာပဒေသာကပွဲကို ဇန်နဝါရီလ ၂၉ရက်နေ့က ဘေကျင်းမြို့၌ ကျင်းပခဲ့ ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ပဒေသာကပွဲသို့ တက်ရောက် ကြည့်ရှုပြီး တပ်ဖွဲ့များမှ ရဲဘော်ဟောင်းများ၊ ကေဒါခေါင်းဆောင်ဟောင်းများအား နွေဦး ပွဲတော် နှုတ်ခွန်းဆက်သ ခဲ့ပါသည်။

    တရုတ်ရိုးရာ နှစ်သစ်ကူးနွေဦးပွဲတော် ကျရောက်လာခါနီးတွင် ဘေကျင်းမြို့ရှိတပ်ဖွဲ့များမှ ကေဒါခေါင်းဆောင်ဟောင်းများသည် တရုတ်ဇာတ်ရုံတွင် စုစည်းပြီး နွေဦးပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပါသည်။