တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်၏ F-16 တိုက်လေယာဉ်တစ်စင်း ပင်လယ်ထဲ ပျက်ကျခဲ့

(GMT+08:00)2024-01-31 14:10:56  

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် Yonhap သတင်းဌာနသည် တောင်ကိုရီးယားနှင့် အမေရိကန် စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ ထုတ်ပြန်ချက်အရ တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်ပိုင် F-16 တိုက်လေယာဉ်တစ်စင်းသည် ထိုနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် တောင်ကိုရီးယားနိုင်ငံ Jeollabuk-do Gunsanjikdo ကျွန်းအနီး ပင်လယ်ပြင်ထဲသို့ ပျက်ကျ ခဲ့ကြောင်း၊ တိုက်လေယာဉ်မှူးကို  ကယ်တင် နိုင် ခဲ့ကြောင်းသိရပါသည်။