ပယ်ဆောက်ချိန် အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းမှ အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၁၀ ဦးအား တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်

(GMT+08:00)2024-01-31 15:23:36  

လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနနှင့် နိုင်ငံတကာရဲလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက်တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးခဲ့သည်။ ထိုညတွင် ယူနန်ပြည်နယ် ကူမင်းချန်ရွှေလေဆိပ်သို့ တရုတ်နိုင်ငံ မြို့ပြ လေကြောင်း ဦးစီးဌာန၏ စင်းလုံးငှားလေယာဉ်တစ်စင်း ဆိုက်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံမှ လွှဲပြောင်းပေးလိုက်သော အထက်ပါ အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၁၀ ဦးကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက တရုတ် နိုင်ငံသို့ အောင်မြင်စွာ ဖမ်းဆီး ပို့ဆောင် ပေးခဲ့ သည်။ ယခုအကြိမ်ဆောင်ရွက်မှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်သည်။ ယင်းသည် နှစ်နိုင်ငံက နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်းသည့် ပြတ်သားသော သန္နိဋ္ဌာန်နှင့် ခိုင်မြဲသော စိတ်ဓာတ်ကို အပြည့်အဝထင်ဟပ်နေပါသည်။

နှစ်ကာလများစွာကတည်းက မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပယ်ဆောက်ချိန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ ရွှီလောက်ဖာ တို့ဦးဆောင်သော ပြစ်မှု ကျူးလွန် သည့်အဖွဲ့သည် လိမ်လည်မှုစခန်းများ ဖွင့်လှစ်ပြီး လိမ်လည်မှုများကို ပြောင်ပြောင်တင်းတင်း လက်နက် ကိုင် ကာကွယ်ပေးထားခဲ့သည်။ တရုတ်နိုင်ငံသားများကိုဦးတည်၍ ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှုများ လုပ်ဆောင်ခဲ့ပြီး လိမ်လည်မှုပမာဏ ကြီးမားလှသည်။ တစ်ချိန်တည်းတွင် ရည်ရွယ် ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိဒဏ်ရာရစေမှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု စသည့် ပြင်း ထန် သော အကြမ်းဖက်ရာဇဝတ်မှုများစွာကို ကျူးလွန်ကြောင်း သံသယရှိခဲ့သည်။ ပြစ်မှု ကျူးလွန်မှု အခြေအနေ အလွန်ဆိုးရွားပြီး လူ့အဖွဲ့အစည်းအပေါ်ထိခိုက်စေမှု အလွန်ပြင်းထန်သဖြင့် ပြည်သူ လူထုက အလွန် မုန်းတီးခဲ့သည်။ သက်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုဖြစ်စဉ်နှင့် သက်သေ အထောက် အထားများ ရရှိထားမှုအပေါ် အခြေခံ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးအဖွဲ့အစည်းသည် ပယ်ဆောက်ချိန် အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု ကျူးလွန်သည့်အဖွဲ့များမှ အဓိက ခေါင်းဆောင် ၁၀ ဦးကို လူသိရှင်ကြား ဆုကြေးငွေထုတ်၍ ဖမ်းဝရမ်းထုတ်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တိုက်အားတိုက် ပံ့ပိုးကူညီမှုဖြင့် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ လုပ်ငန်းအဖွဲ့စေလွှတ်၍ နိုင်ငံတကာ ရဲလုပ်ငန်း တရား ဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။ လုပ်ငန်းအဖွဲ့သည် မြန်မာဘက်နှင့် အကြိမ်များစွာ ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်ခဲ့ပြီး ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများကို ပူးတွဲတိုက်ဖျက်ရေး၊ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုအဖွဲ့များမှ အရေးပါသော ခေါင်းဆောင်များကို ရှာဖွေ ဖမ်းဆီးပြီး လွှဲပြောင်းပေးအပ်ရေး တို့နှင့်စပ်လျဉ်း၍ တူညီသောသဘောထားအမြင်များ ရရှိခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းမှ လူသိရှင်ကြား ဖမ်းဝရမ်းထုတ်ထားသော ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၆ ဦး ဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ တို့ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့ပြီး ပယ်ရင်လန်၊ ဝေ့ရုံ၊ ဝေ့ချင်းစုန်း၊ လျိုကျီးကွမ်း တို့မှာ ထွက်ပြေးနေ ဆဲဖြစ်သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိထားသော အထက်ပါ ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၆ ဦးနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းမှ အစောပိုင်းက အကြောင်းကြားထားသည့် အခြား အရေးပါပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦးအား တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့တွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ယူနန်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့သွားရောက်၍ စင်းလုံးငှားလေယာဉ်ဖြင့် ဖမ်းဆီးပို့ဆောင်မှုတာဝန်ကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ပြစ်မှု ကျူးလွန်ကြောင်းသံသယရှိသူများကို တရုတ်နိုင်ငံသို့ အောင်မြင်စွာ ဖမ်းဆီးပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း “အဆိပ်အတောက်” ကို အမြစ်ပြတ် ချေမှုန်းရန်အတွက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်အတူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် လုပ်ဆောင် ခဲ့ ကြောင်း၊ ယူနန်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းသည် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဒေသခံ တရားဥပဒေ စိုးမိုး ရေးဌာနနှင့်အတူ နယ်စပ်ရဲလုပ်ငန်း တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ကနဦးကာလ အဆက်မပြတ်တိုက်ဖျက်မှုကြောင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုတွင် ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦး ပါဝင် ကြောင်း၊ ပြည်ပအွန်လိုင်းလိမ်လည်သည့်အဖွဲ့များကို ပြင်းပြင်းထန်ထန်ချေမှုန်းလိုက်ပြီး တိုက်ဖျက် ရေးလုပ်ငန်းတွင် သမိုင်းဝင် အရေးပါကြီးမားသောရလဒ်များ ရရှိခဲ့ကြောင်း ပြည်သူ့ လုံခြုံရေး အဖွဲ့ အစည်းမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားပါသည်။ ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းသည် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်မှုများကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများ ကျူးလွန် သည့် အဖွဲ့များမှ အရေးပါသည့် ခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်သည်။ အထူး တိုက်ဖျက်ရေးလုပ်ငန်းများကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်လုပ်ဆောင်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ဘေးကင်းလုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်ကာ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို လက်တွေ့ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။