Chen Daoming သည် တရုတ်ရုပ်ရှင် အသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး Andy Lau နှင့် Wu Jing တို့သည် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရ

(GMT+08:00)2024-01-31 14:02:35  

ဇန်နဝါရီလ ၃၀ရက်နေ့တွင် Chen Daoming သည် ဘေကျင်းမြို့ရှိ တရုတ်ရုပ်ရှင် အသင်း၏ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး Andy Lau နှင့် Wu Jing တို့သည် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ ရသည်။ တရုတ်ရုပ်ရှင် အသင်း ၁၁ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးကို  ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၀ရက်နေ့အထိ ဘေကျင်းမြို့၌ ကျင်းပခဲ့သည်။ အစည်း အဝေး တွင် ကိုယ်စား လှယ် များသည် လုပ်ငန်းအစီရင်ခံစာကို စိစစ်အတည်ပြုကာ တရုတ်ရုပ်ရှင် အသင်း၏ ခေါင်းဆောင်များကိုရွေးချယ်ခဲ့သည်။