အိန္ဒိယရေတပ်သည် ဆိုမာလီ ပင်လယ်ပြင်ရှိ အီရန်ငါးဖမ်း သင်္ဘော တစ်စင်း ကို အောင်မြင်စွာ ကယ်တင် နိုင်ခဲ့

(GMT+08:00)2024-01-30 16:46:12  

အိန္ဒိယရေတပ်သည် ဆိုမာလီပင်လယ်ပြင်တွင် ပင်လယ်ဓားပြများ ပြန်ပေးဆွဲထား သော အီရန်ငါးဖမ်းသင်္ဘောတစ်စင်းကို အောင်မြင်စွာ ကယ်တင် နိုင်ခဲ့ကြောင်း ဇန်နဝါရီလ ၂၉ရက်နေ့က ပြောကြားခဲ့ပါသည်။ Inman ခေါ် အဆိုပါ ငါးဖမ်းသင်္ဘောတွင် အီရန်နိုင်ငံ အလံကို လွှင့်ထူထားပြီး သင်္ဘောပေါ်ရှိ သင်္ဘောသား ၁၇ဦးနှင့် ဖမ်းဆီးခံရသော ဓားစာခံ အားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။