ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ပြန်လည်ကျင့်သုံးရန် ဂျပန်အလွှာပေါင်းစုံတို့၏ တောင်းဆိုချက်ကို တရုတ်ပြည်က အလေးအနက်ထားလေ့လာမည်ဟု ဝမ်ဝင်ပင် ဆို

(GMT+08:00)2024-01-30 16:41:52  

   

ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို ပြန်လည်ကျင့်သုံးရန် ဂျပန်၏ မျှော်လင့်ချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဂျပန်အလွှာပေါင်းစုံတို့၏ တောင်းဆိုချက်များကို တရုတ် ပြည်က သတိပြုမိပြီး အလေးအနက်ထား လေ့လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ဝန်ထမ်းများ သွားလာမှု အဆင်ပြေချောမွေ့ရေး အဆင့်မြှင့်တင်ရန် ဂျပန်နှင့် ရည်မှန်းချက်တူညီစွာ အတူ ဆောင်ရွက်ဖို့ တရုတ်ပြည်က မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။