ပူတင်သည် ရုရှား၏နောက်ထပ် သမ္မတလောင်းအဖြစ် တရားဝင်မှတ်ပုံတင်ခဲ့

(GMT+08:00)2024-01-30 11:36:52  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၉ ရက်နေ့က ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်သည် လာမည့် သမ္မတ ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် လက်ရှိသမ္မတပူတင်ကို မှတ်ပုံတင်ထားကြောင်း ကြေညာခဲ့သည်။ အစီအစဉ်အရ ရုရှားသမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။