ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည် “နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး- အခြေခံ ဥပဒေ ပုဒ်မ ၂၃ ဥပဒေပြုရေးဆိုင်ရာ အများပြည်သူ စုံစမ်းမေးမြန်းခြင်း " သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

(GMT+08:00)2024-01-30 16:51:07  

 

 ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Lee Ka Chiu John သည် ယခုလ ၃၀ ရက်နေ့ နံနက်ပိုင်းက “နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး- အခြေခံ ဥပဒေ ပုဒ်မ ၂၃ ဥပဒေပြုရေးဆိုင်ရာ အများပြည်သူ စုံစမ်းမေးမြန်းခြင်း" သတင်းစာ ရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပြီး အထူးအုပ်ချုပ်ရေး ဒေသ အစိုးရ သည် ၃၀ ရက်နေ့မှစ၍ အများပြည်သူ စုံစမ်းမေးမြန်းခြင်းကို တရားဝင် စတင်လုပ်ဆောင်မည်ဟု သတင်းရရှိပါသည်။

 ဟောင်ကောင်အခြေခံဥပဒေ ပုဒ်မ ၂၃ ဥပဒေပြုပြီးနောက်၊ ဟောင်ကောင်သည် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ဖယ်ပစ်ပြီး စီးပွားရေး အရှိန်အဟုန် တိုးတက်မှုကို အစွမ်းကုန် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း Lee Ka Chiu John က ပြောကြားခဲ့ပါသည်။