ကျဲ့ကျန်း Deqing တွင် ငါးနှင့် ခုံးကောင် ရောပြီး မွေးမြူထားသည့် ဂေဟစနစ်မွေးမြူရေးပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်လာ

(GMT+08:00)2024-01-30 16:47:21  

လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် Huzhou မြို့ Deqing ခရိုင် တွင် ငါးနှင့် ခုံးကောင် ရောပြီး မွေးမြူထားသည့် ဂေဟစနစ်မွေးမြူရေးပုံစံ သည် ဖွံ့ဖြိုးတိုးတက်လာပြီး ပုလဲ မွေးမြူရေး၊ အချောကိုင်ရေး၊ ရောင်းချရေး၊ သိပ္ပံပညာ သုတေသနပြုရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်သော ကုန်ထုတ်လုပ်ရေး ကွင်းဆက် ဖြစ်တည်လာကာ ရွာသူရွာသားများ၏ ဝင်ငွေ တိုးများ လာစေခဲ့ပါသည်။

    ယခု Deqing ရေချိုပုလဲမွေးမြူးထားသည့် ဧရိယာအကျယ်အဝန်းမှာ တရုတ်မူ ၅၀၀၀ ခန့် ရှိပြီး အလုပ်လုပ်ကိုင်သူဦးရေ ၃၀၀၀ ခန့်ရှိပါသည်။ ပုလဲမွေးမြူရေးနှင့် အချောကိုင်ရေး နှစ်စဉ် ကုန်ထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၇ဘီလီယံကျော်ရှိပြီး ပုလဲအချောကိုင်ရေး စုစုပေါင်းပမာဏမှာ တန်ချိန် ၁၀၀ရှိကာ တရုတ်နိုင်ငံတွင် အကြီးဆုံးသော ရေချိုပုလဲ အချောကိုင်ရေးစခန်းလည်း  ဖြစ်ပါသည်။