ရှီကျင့်ဖိန်သည် ကော်မိုရို သမ္မတအဖြစ် ဆက်လက် ရွေးချယ်တင်မြှောက်ခံရသော အာဇာလီအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-01-30 16:36:08  

 ဇန်နဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကော်မိုရို သမ္မတအဖြစ် ဆက်လက် ရွေးချယ်တင်မြှောက်ခံရသော အာဇာလီအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် ကော်မိုရို နှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီး၊ အပြန်အလှန် ယုံကြည်အားထားရသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီအစ်ကိုကောင်း ဖြစ်ကြောင်း၊ ယခုနှစ်များတွင် နှစ်နိုင်ငံ ဆက်ဆံမှု လျင်မြန်စွာ တိုးတက် လာပြီး နယ်ပယ်အသီးသီး၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများ ရရှိကာ နှစ်ဦးနှစ်ဖက်တို့သည် တစ်ဖက်သား၏ အဓိက အကျိုးစီးပွားနှင့် အရေးကြီး ရေးရာများ၌ ပြတ်ပြတ်သားသား အပြန်အလှန် အားပေးထောက်ခံပါကြောင်း၊ မိမိသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ အာဇာလီနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံမှု အခန်းကဏ္ဍသစ်သို့ အဆက်မပြတ် တိုးတက်လာရန် ကြိုးပမ်းလိုပါကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။