၂၀၂၃ ခုနှစ်က အမေရိကန်သည် ဒေါ်လာ ၂၃၈ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို နိုင်ငံခြားအစိုးရများထံသို့ ရောင်းချ

(GMT+08:00)2024-01-30 16:50:21  

၂၀၂၃ ခုနှစ်က အမေရိကန်နိုင်ငံသည် နိုင်ငံခြားအစိုးရများထံသို့ ရောင်းချသည့် စစ်လက်နက်ပစ္စည်းပမာဏသည် ၁၆ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၂၃၈ ဘီလီယံအထိ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ဒေသစံတော်ချိန် ယခုလ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ လက်နက်ရောင်းချမှုနှင့် လွှဲပြောင်းမှုများကို အမေရိကန်၏ အရေးကြီးသော နိုင်ငံခြားရေးပေါ်လစီ ကိရိယာများ အဖြစ် ရှုမြင်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးအပေါ် ရေရှည်ဂယက်ရိုက်ခတ်မှုရှိ ကြောင်း သတင်းအရ သိရှိရ သည်။