Fujianပြည်နယ် Panshan ဘုရားကျောင်း၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သစ်သားပန်းပု လက်ရာ များ၏ အလှကို ခံစားလိုက်ပါ

(GMT+08:00)2024-01-30 16:38:08  

နွေဦးပွဲတော် နီးကပ်လာပြီဖြစ်သည်။ Fujian ပြည်နယ် Jinjiang မြို့ Panshanရွာရှိ သစ်သားပန်းပုလက်မှုပညာစက်ရုံတွင် လက်ရာမြောက်သော နဂါးတိုင်များ၊ နဂါးခေါင်းများအပါအဝင် ဘုရားကျောင်း များအတွက် သစ်သားပန်းပု လက်ရာ များသည် အလုပ်သမားများ၏ ကျွမ်းကျင်သော ပညာများကြောင့် အသက်ဝင်ကာ လှပနေ ပါသည်။ Panshan ဘုရားကျောင်း သစ်သား ပန်းပုလက်ရာ များသည် သမိုင်း ကြောင်း ရှည်လျားပြီး  လက်ရာလည်း မြောက်သည်။ ၎င်း သစ်သားပန်းပုလက်ရာ များကို ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်းတွင် အဓိကရောင်းချပြီး စင်ကာပူ၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် စသည့် အရှေ့တောင်အာရှနိုင်ငံများသို့လည်း ရောင်းချနေသည်။ ၂၀၂၁ ခုနှစ်တွင် Panshan ဘုရား ကျောင်း သစ်သားပန်းပုလက်ရာ များမှ ကိုယ်စားပြုသော Quanzhou သစ်သား ပန်းပု လက်ရာ များ ကို  နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း၏ ပဉ္စမ အသုတ်တွင် ဝင်နိုင်ခဲ့သည်။