နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် ယွမ် သန်း၃၀ ကို ယူနန်ပြည်နယ် ကျောထုန်းမြို့ အရေးပေါ် ပြန်လည် တည်ဆောက်ရေးအတွက် ကူညီ ပံ့ပိုး

(GMT+08:00)2024-01-29 16:45:43  

ဇန်နဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ သတင်းအရ ၎င်းကော်မရှင်သည် ယူနန်ပြည်နယ် ကျောထုန်းမြို့ သဘာဝဘေးသင့်ဒေသ အခြေခံ အဆောက်အအုံများနှင့် အခြေခံ ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံများ အရေးပေါ် ပြန်လညတည်ဆောက်ရေးကို ပံ့ပိုးပေးရန် ဗဟိုဘတ်ဂျက်မှ ရင်းနှီးမြှုပ်နှံငွေ ယွမ် သန်း ၃၀ကို ထုတ်ပေးဖို့ စီစဉ်ထားကြောင်း သိရပါသည်။

ဇန်နဝါရီ ၂၂ ရက်နေ့က ယူနန်ပြည်နယ် ကျောထုန်းမြို့တွင် တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုနှင့် စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။