ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် ဂါဇာဒေသတွင် လူ ပေါင်း ၂၆၄၀၀ ကျော် သေဆုံးဟု ဂါဇာဒေသ ကျန်းမာရေးဌာနဆို

(GMT+08:00)2024-01-29 16:46:52  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၈ ရက်နေ့က ဂါဇာဒေသ ကျန်းမာရေးဌာနမှ ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဂါဇာဒေသတွင် အစ္စရေး၏ စစ်ဆင်မှုကြောင့် ကလေး ၁၁၀၀၀ ကျော် နှင့် အမျိုးသမီး ၇၅၀၀ ခန့် အပါအဝင် ပါလက်စတိုင်းနိုင်ငံသား ၂၆၄၂၂ ဦး သေဆုံးပြီး လူပေါင်း ၆၅၀၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။