China Media Group မှ ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ တတိယ အကြိမ် ဇာတ်တိုက်လေ့ကျင့်မှု ပြီးဆုံး

(GMT+08:00)2024-01-29 16:40:46  

China Media Group မှ ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ တတိယ အကြိမ် ဇာတ်တိုက်လေ့ကျင့်မှုကို ဇန်နဝါရီလ ၂၈ ရက်နေ့က ချောမောစွာ ပြုလုပ်ပြီးစီးခဲ့ပါသည်။ ယခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲသည် တရုတ် ရိုးရာ ယဉ်ကျေးမှုထဲမှ အနှစ်သာရ စိတ်ကူးစိတ်သန်းများကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှုကို အလေးပေးကာ  ပြည်သူလူထုများ၏ ချမ်းမြေ့သောဘဝအပေါ် မျှော်မှန်းချက်များကို ပြသ၍ ကမ္ဘာတစ်ဝှမ်းမှ တရုတ်အမျိုးသားများအား နွေဦးပွဲတော် နှုတ်ခွန်းဆက်သမှုများကို ပို့သပေးမည် ဖြစ်ပါသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က China Media Groupမှ "နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ပွဲဦးထွက်တေး" လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ စတင် ကျင်းပခဲ့ပါသည်။ ဆက်လက်ပြီးလည်း ဆွစ်ဇာလန်၊ ကင်ညာ စသည့် နိုင်ငံများစွာ၌ နွေဦးပွဲတော် ပဒေသာ ကပွဲဆိုင်ရာ လှုပ်ရှားမှုများကို ပြုလုပ်မည် ဖြစ်ပြီး နွေဦးပွဲတော် ပဒေသာကပွဲသည် ကမ္ဘာကြီး က တရုတ်ပြည်အား နားလည်သိရှိရန် ယဉ်ကျေးမှု အမှတ်အသား ဖြစ်သွားမည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။