ယူကရိန်းနိုင်ငံသို့ ဆက်လက်ပံ့ပိုး ကူညီပေးမည်ဟု ဂျာမဏီဝန်ကြီးချုပ် ဆို

(GMT+08:00)2024-01-29 16:44:31  

ဂျာမဏီနိုင်ငံဝန်ကြီးချုပ် အိုလတ်ဖ် ရှုံ့လ်ဇ် က ဂျာမဏီနိုင်ငံအနေဖြင့် ယူကရိန်း နိုင်ငံသို့ ဆက်လက် ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ရက်နေ့က ပြောကြားခဲ့ သည့်အပြင် ယူကရိန်းနိုင်ငံသို့ ပိုမိုများပြားသော စစ်လက်နက်များကို ထောက်ပံ့ပေးရန် အခြား ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို လည်း ပန်ကြားလိုက်ပါသည်။
    ၂၀၂၃ခုနှစ်တွင် ဂျာမဏီနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ ယူရိုငွေ ၇ဘီလီယံကျော် ပံ့ပိုးကူညီပေးခဲ့ပြီး အခြားဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စုစုပေါင်းထောက်ပံ့ငွေ၏ တစ်ဝက် ကျော် ဖြစ်ပါသည်။