အမေရိကန်ကုမ္ပဏီများရော တောင်ကိုရီးယားကုမ္ပဏီများပါ တရုတ်ပြည်ထုတ် ဘက်ထရီနှင့် ခွဲမရ ဖြစ်နေ

(GMT+08:00)2024-01-29 16:38:53  

မကြာမီက တောင်ကိုရီးယားမီဒီယာ "တောင်ကိုရီးယားစီးပွားရေး"တွင် "တရုတ် ထုတ်လုပ်မှုကို အစားထိုးနိုင်စရာ နည်းကောင်း မရှိ" ဟူသော ခေါင်းစဉ်ဖြင့် တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများ ရင်ဆိုင်နေရသော အကျပ်အတည်းကို သတင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် အစိုးရက တရုတ်သွင်းကုန် အပေါ် ထိန်းချုပ်ကန့်သတ်မှုကို အဆက်မပြတ် မြှင့်တင်လာသည်နှင့်အမျှ တရုတ်ပြည်ထုတ် ဘက်ထရီများကို လွန်စွာ အားကိုး နေရသော တောင်ကိုးရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေး ကမ္ပဏီများသည် အကျပ်အတည်းနှင့် ကြုံတွေ့နေရပါသည်။ ထို့အတွက် ယင်းကုမ္ပဏီများသည် တောင်းဆိုချက် စာလွှာများကို တင်သွင်းပြီး အမေရိကန်အား တရုတ်ပြည်အပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်၊ ၎င်းတို့ကို တရုတ်နိုင်ငံ၌ ဘက်ထရီးများ ဝယ်ခွင့် ပြုပေးရန် တောင်းဆိုခဲ့ကြသည်။

   အမေရိကန် Tesla ကုမ္ပဏီသည်လည်း အလားတူ အခက်အခဲနှင့် ကြုံတွေ့နေရသည်။ ယင်းကုမ္ပဏီ၏ အမျိုးအစားသစ် ဘက်ထရီသုံးမော်တော်ယာဉ် Cybertruck ၏ ဘယ်ထရီ ထုတ်လုပ်မှု ပမာဏ မလုံလောက်မှု အခြေအနေနှင့် ကြုံတွေ့ နေရသောကြောင့် Tesla သည်  တရုတ်ပြည် ဘက်ထရီ ထုတ်လုပ်ရေး ကုမ္ပဏီထံ အရေးပေါ် အကူအညီ တောင်းခဲ့ရသည်။

   ယခုလောလောဆယ်တွင် အမေရိကန် Mississippi ပြည်နယ်မှူး Tate Reeves သည်လည်း နေရာများစွာ၌ သမိုင်းတွင် ဒုတိယ အကြီးဆုံး စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းကို အကြိမ်ကြိမ် ကြေညာခဲ့သည်။ ကုမ္ပဏီ လေးခုသည် ဒေါ်လာ သန်း ၁၉၀၀ကို ရင်းနှီး မြှုပ်နှံပြီး ဘက်ထရီ ထုတ်လုပ်ရေး စက်ရုံ တစ်ရုံကို တည်ဆောက်မည် ဖြစ်ပြီး ယင်းတို့အနက် တရုတ်ပြည် ဘက်ထရီ ထုတ်လုပ်ရေးစက်ရုံများသည် အစုရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင် သည်ဟု ၎င်းက ပြောကြားခဲ့သည်။

   သက်ဆိုင်ရာ စာရင်းအရ မော်တော်ယာဉ်သုံး Lithium Ion ဘက်ထရီနယ်ပယ်တွင် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ ဝေစုသည် ၆၀ ရာခိုင်နှုန်းကျော် ရှိသည်။ ဘက်ထရီ ထုတ်လုပ်ရေးဆိုင်ရာ အဓိက ကုန်ကြမ်းဆိုင်ရာ နယ်ပယ်တွင်လည်း တရုတ်နိုင်ငံက ဦးစီးနေရာ၌ ရပ်တည်နေပါသည်။

   အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ သုတေသနစင်တာ အပါအဝင် အဖွဲ့အစည်းများစွာတို့က တရုတ်ပြည်ထုတ် ဘက်ထရီများ တင်ပို့မှု အရှိန် ကောင်းမွန်နေပြီး တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ၏ လက်လွှတ်မရသော ဈေးကွက် ဖြစ်မြဲ ဖြစ်နေသေးကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ တွန်းအားလည်း ဖြစ်နေသေးကြောင်း မကြာမီက အသီးသီး အကဲဖြတ် ဖော်ပြထားကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။