၂၀၂၄ ခုနှစ် နိုင်ငံတကာ ဒစ်ဂျစ်တယ် ပညာရေး အစည်းအဝေး ကျင်းပ

(GMT+08:00)2024-01-29 16:23:15  

၂၀၂၄ ခုနှစ် နိုင်ငံတကာ ဒစ်ဂျစ်တယ် ပညာရေး အစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည် ဖြစ်ပါသည်။ အစည်းအဝေး၏ ဆောင်ပုဒ်သည် "ဒစ်ဂျစ်တယ် ပညာရေး - အသုံးပြုခြင်း၊ အတူ မျှဝေခြင်း၊ ဆန်းသစ်တီထွင်ခြင်း" ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ပညာရေး နယ်ပယ်များတွင် နောက်ဆုံးပေါ် အောင်မြင်မှု ရလဒ်များကို ပြသမည် ဖြစ်ကာ ဒစ်ဂျစ်တယ် ပညာရေး၏ နိုင်ငံတကာ ကူးလူးဖလှယ်မှု ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို ထားရှိပေးမည် ဖြစ်ပါသည်။

   ယခုအကြိမ် အစည်းအဝေးတွင် ကျောင်းဆရာ ဆရာမများ၏ ဒစ်ဂျင်တယ်ပညာ အရည်အချင်း တိုးမြှင့်ခြင်း၊ ပညာသင်ကြားပို့ချမှုတွင် ဒစ်ဂျစ်တယ် ဖြစ်ရေး၊ AI နှင့် ဒစ်ဂျစ်တယ်နီတိ စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးမည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဒစ်ဂျစ်တယ် ပညာရေး မဟာမိတ်ကိုလည်း ဖွဲ့စည်းတည်ထောင်မည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။