(နွေဦးပွဲတော် အကြိုည ပဒေသာကပွဲကို တစ်ကမ္ဘာလုံးက ကြည့်ရှုခြင်း) China Media Groupမှ "နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ပွဲဦးထွက်တေး" လှုပ်ရှားမှု အမေရိကန်၌ ကျင်းပ

(GMT+08:00)2024-01-28 15:11:20  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်နေ့က China Media Groupမှ "နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ပွဲဦးထွက်တေး" လှုပ်ရှားမှုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စား လှယ် ကျမ်းကျွင်း၊ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူး၊ ယဉ်ကျေးမှု မဟာမိတ် အဖွဲ့ အဆင့်မြင့် ကိုယ်စားလှယ် Moratinos ၊ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူး လီကျွင်းဟွာ၊ ရွှေဟောင်လျန်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်၊ ဂျပန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ကျူးဘား၊ နီဂါရာဂွာ၊ မောရစ်ရှ စသည့် နိုင်ငံများမှ အမြဲတမ်း သံတမန် အရာရှိများ၊ ကုလသမဂ္ဂ အတွင်းရေးမှူးဌာနမှ အရာရှိများနှင့် အလွှာပေါင်းစုံမှ ချစ်ကြည်ရေး ပုဂ္ဂိုလ်များ စုစုပေါင်း ဧည့်သည်တော် ၂၀၀ ကျော်တို့သည် အခမ်းအနားသို့ တက်ရောက် ခဲ့ကြပါသည်။ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲကို တစ်ကမ္ဘာလုံးက ကြည့်ရှုခြင်း လှုပ်ရှားမှုသည် ယင်းနေ့မှ  စတင်ပါသည်။

   ယခုအကြိမ် လှုပ်ရှားမှုတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဗီဒီယို မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှင့်ဟိုင်ရှုံက နွေဦးပွဲတော်သည် တရုတ်အမျိုးသား၏ အရေးအကြီးဆုံးသော ရိုးရာ ပွဲတော် ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ငါးပုံတစ်ပုံသော လူဦးရေးသည် အသွင်အမျိုးမျိုးဖြင့် နွေဦးပွဲတော်ကို နွှဲပျော်လေ့ရှိကြောင်း၊ မကြာမီက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ပြီး နွေဦးပွဲတော်ကို ကုလသမဂ္ဂပွဲတော် အဖြစ် သတ်မှတ်ထားကြောင်း၊ နွေဦးပွဲတော် အကြိုည ပဒေသာ ကပွဲကို ၄၁ ကြိမ်မြောက်တိုင်တိုင် ကျင်းပခဲ့ပြီ ဖြစ်ပြီး ကမ္ဘာကြီးက တရုတ်ပြည် အကြောင်းကို နားလည်သိရှိရန် ယဉ်ကျေးမှု အမှတ်အသား တစ်ရပ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း China Media Group သည် ဘာသာစကား ၆၈ မျိုး၊ CGTN ပေါင်းစပ် မီဒီယာ ပလက်ဖောင်းမှနေ၊ တစ်ကမ္ဘာလုံး မိတ်ဆွေများ အသိုင်းအဝိုင်းမှနေ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲကို တင်ဆက်ဖျော်ဖြေသွားမည် ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ပြည်သူများက တရုတ်နွေဦးပွဲတော်နှင့် တရုတ်ယဉ်ကျေးမှု၏ အထူးရသများကို အတူ မျှဝေ ခံစားကြရ မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။