ရုရှားနိုင်ငံသည် လီနင်ဂရက် ကာကွယ်ရေးတိုက်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုကို ပြုလုပ်

(GMT+08:00)2024-01-28 15:07:28  

 

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၇ ရက်နေ့က ရုရှားနိုင်ငံ  စိန့်ပီတာစဘတ်မြို့တွင် နိုင်ငံတော် ကာကွယ်ရေးစစ်ပွဲမှ လီနင်ဂရက်ကာကွယ်ရေးစစ်ပွဲအောင်မြင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပခဲ့သည်။

  ထိုနေ့တွင် ရုရှားသမ္မတ ပူတင်နှင့် ဘီလာရုစ်သမ္မတ Lukashenko တို့သည် နိုင်ငံတော်ကာကွယ်ရေးစစ်ပွဲအတွင်း မျိုးသုဉ်းသတ်ဖြတ်ခြင်းခံရသူများအား အထိမ်းအမှတ် ကျောက်တိုင် ဆောက်လုပ်ပြီးစီးခြင်း  အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ယင်း ကျောက်တိုင်၏ ပလက်ဖောင်းတွင် ရုရှားနိုင်ငံ၏ စစ်မှန်သော သမိုင်းကြောင်း နှင့် ဒေသအသီးသီးမှ ပံ့ပိုးပေးထားသည့် ဓာတ်ပုံများကို အခြေခံ၍ ရုပ်ကြွလက်ရာ ၁၅၀ ကို ထွင်းထု ထားကြောင်း သိရ သည်။