ကမ္ဘာ့ ပထမဆုံး တံဆိပ်ခေါင်းဖြင့် ပေးပို့သောစာကို လေလံတင်ရောင်းချမည်

(GMT+08:00)2024-01-28 15:13:47  

ကမ္ဘာ့ ပထမဆုံး တံဆိပ်ခေါင်းဖြင့် ပေးပို့သောစာတစ်စောင်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နယူးယောက်မြို့ရှိ Sotheby's တွင် လေလံတင် ရောင်းချမည်ဖြစ်သည်။ ထိုစာတွင် အသုံး ပြုသော တံဆိပ်ခေါင်းကို "ကမ္ဘာ့ ပထမဆုံး တံဆိပ်ခေါင်း" ဟု လူသိများသော ဗြိတိန် "Penny Black" တံဆိပ်ခေါင်းဖြစ်သည်။

အဆိုပါစာကို ၁၈၄၀ ခုနှစ် မေလ ၂ ရက်နေ့က ဗြိတိန် နိုင်ငံ လန်ဒန်မြို့မှ အနောက် မြောက် ပိုင်း ဒေသရှိ ကာဘရီယာ သို့ ပေးပို့ခဲ့ပြီး စုစုပေါင်း ခရီးစဉ် ၄၈၂ ကီလိုမီတာ ဖြတ်ကျော်ခဲ့ သည်။ ထိုစာ၏ စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁.၅ သန်းမှ ၂.၅ သန်း အထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရ သည်။