ဖိလစ်ပိုင်က တရားမဝင် “သောင်တင်” နေသော စစ်သင်္ဘောဆီသို့ ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်မှ ချ့ပေးခြင်းနှင့်ပတ်သက်ပြီး တရုတ် ပင်လယ်စောင့်ကြပ်ရေးဦးစီးဌာန ပြောကြား

(GMT+08:00)2024-01-28 15:01:06  

တရုတ်ပင်လယ်စောင့်ကြပ်ရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကမ်းယွီက ဇန်နဝါရီလ ၂၁ရက်နေ့တွင် ဖိလစ်ပိုင်မှ လေယာဉ်ငယ်တစ်စင်းသည် တရားမဝင် “သောင်တင်” နေသော စစ်သင်္ဘောဆီသို့ ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်မှ ချ့ပေးခဲ့ကြောင်း၊ တရုတ် ပင်လယ်စောင့်ကြပ်ရဲတပ်ဖွဲ့သည် ၎င်းအခြေအနေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ခဲ့ပြီး ဥပဒေနှင့်အညီ ထိန်းချုပ် ကိုင်တွယ်ခဲ့ကာ ဖိလစ်ပိုင်ဘက်မှ လိုအပ်သောနေ့စဉ်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ယာယီအထူးစီစဉ် ပြုလုပ်ခဲ့ကြောင်း၊ ဖိလစ်ပိုင် သက်ဆိုင်ရာတို့သည် ဖြစ်ရပ်မှန်ကို လျစ်လျူရှုပြီး မကောင်းသော ရည်ရွက်ချက်ဖြင့် မဟုတ်မမှန် သတင်း ဖြန့်ကာ နိုင်ငံတကာ အသိအမြင် ကို တမင်တကာ လှည့်စားခြင်းသည် တောင်ပင်လယ် တင်းမာမှုကို ဖြေလျှော့ရန် အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ကြောင်း၊ မိမိတို့သည် ဖိလစ်ပိုင်အား ရန်စခြင်းနှင့် မဟုတ်မမှန် သတင်း ဖြန့်ခြင်းကို ရပ်ဆိုင်းရန် သတိပေးပြီး တရုတ်ပင်လယ်စောင့်ကြပ်ရဲတပ်သည် Ren'ai သန္တာကျောက်ဆောင်နှင့် ကပ်လျက် ရေပြင်၏ အခွင့်အရေးကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေးကို အားဖြည့်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာအခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။