၁၃၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကြပ်မတ်ရေးလှုပ်ရှားမှု အောင်မြင်စွာ ပြီးဆုံး

(GMT+08:00)2024-01-27 17:45:38  

ဇန်နဝါရီလ ၂၆ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ၁၃၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကြပ်မတ်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် တရုတ်သင်္ဘော အမှတ် ၅၃၁၀၇ သည် တရုတ်နိုင်ငံ ရှစ်ဆောင်ပနားရှိ ကျင်ဟာဆိပ်ကမ်းတွင် ချောမောစွာ ဆိုက်ကပ်ခဲ့ပြီး ကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံးခဲ့ ပါသည်။

အဆိုပါလှုပ်ရှားမှုကို ဇန်နဝါရီလ ၂၃ရက်နေ့မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ၄ရက် ၃ည ကြာမြင့် ကာ စုစုပေါင်းခရီးစဉ် ကီလိုမီတာ ၆၂၀ ရှိပါသည်။ ယင်းကာလအတွင်း နယ်စပ်ဖြတ်ကျော် ခိုးဝင်မှု တစ်ခုကိုလည်း ဖြိုခွင်းခဲ့ပါသည်။