၇၈ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌFrancis သည် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည်

(GMT+08:00)2024-01-27 17:47:04  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက် အရ ၇၈ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Francis သည် ဇန်နဝါရီလ ၂၇ရက်နေ့မှ ၃၁ရက်နေ့အထိ တရုတ်နိုင်ငံကို လာ ရောက်ခရီးလှည့်လည်မည်ဖြစ်ကြောင်း  ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။