ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ရေးလုပ်ငန်းအဖွဲ့သည် တရုတ်နိုင်ငံက စိစစ်မှုတွင် ပါဝင်မှုဆိုင်ရာ အစီရင်ခံစာကို အတည်ပြု

(GMT+08:00)2024-01-27 17:38:55  

 ဇန်နဝါရီလ ၂၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ရေးလုပ်ငန်းအဖွဲ့ ၄၅ ကြိမ်မြောက် အစည်းအဝေးတွင် စတုတ္ထအကြိမ်  နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ရေးမှာ တရုတ်နိုင်ငံ ပါဝင်ခြင်း အစီရင်ခံစာကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြား နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ တရုတ်ကိုယ်စားလှယ် သံအမတ်ကြီး ChenXuသည် တရုတ် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရ ပါသည်။