CMG၏ယဉ်ကျေးမှုဆိုင်ရာ ဆန်းသစ်တီထွင်ကုန်ပစ္စည်းများ ဟောင်ကောင်သို့ ရောက်လာ

(GMT+08:00)2024-01-27 17:44:46  

 မကြာခင်ရက်များက CMG ၊ တရုတ်လက်ရေးပညာ တိုက်ကြီးနှင့် ဟောင်ကောင် TVB ရုပ်မြင်သံကြားဌာနတို့သည် ဟောင်ကောင်၌ နှစ်သစ်ကူး နွေးဦးပွဲတော် Flash လှုပ်ရှားမှု ပြုလုပ်ပြီး နှစ်သစ်ကူး နွေဦးပွဲတော် အရသာနှင့် ပြည့်စုံသော ယဉ်ကျေးမှုဆိုင်ရာ ဆန်းသစ်တီထွင်ကုန်ပစ္စည်းများကို ဒေသခံ ပြည်သူများ အတွက် ယူ ဆောင်ပေးခဲ့ပါသည်။ တရုတ်လက်ရေးပညာ တိုက်ကြီးရှေ့တွင် လက်ရေးပညာရှင်များက နွေဦးပွဲတော် တံခါးတွင်ကပ် နှစ်ချိုးစပ်စာတန်းများကို ရေးသားပြီး လက်ဆောင် ပေးကာ ဟောင်ကောင် မြို့သူမြို့သားများ နှစ်သစ်ကူး နွေဦး ပွဲတော် အရသာကို အပြည့်အဝ ရရှိ ခံစားစေခဲ့ သည်။