တရုတ်ဝန်ကြီးချုပ် လီချန်သည် ပြည်လုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု လုံခြုံရေး ရုပ်သံ တယ်လီဖုန်း အစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2024-01-27 17:42:13  

ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီသည် ပြည်လုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု လုံခြုံရေး ရုပ်သံ တယ်လီဖုန်း အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ပါတီအထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ကုန်ထုတ်လုပ်မှု လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်ကို လေးနက်စွာ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်သူများကို ထိပ်ဆုံးနေရာ၌ ထားခြင်းနှင့် အသက်ကို ထိပ်ဆုံးနေရာ၌ထားခြင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ နက်ရှိုင်းစွာ သင်ခန်းစာများယူပြီး လုပ်ငန်းတာဝန်များကို တိတိကျကျ ထိထိရောက်ရောက် ဖော်ဆောင်ကာ ဖြစ်နိုင်ဖွယ်ရာ အန္တရာယ်များကို သေသေချာချာ ဖယ်ရှားရမည် ဖြစ်ကြောင်း၊ အမျိုးမျိုးသော လုပ်ငန်းခွင် လုံခြုံရေး မတော်တဆမှုများ ဆက်တိုက် ဖြစ်ပွားခြင်းအရှိန်ကို ပြတ်ပြတ်သားသား ဟန့်တား ထိန်းချုပ်ပြီး ပြည်သူလူထုများ အသက်စည်းစိမ်လုံခြုံရေးနှင့် လူမှုရေး တည်ငြိမ်မှုကို အာမခံ ပေးရမည် ဖြစ်၍ ပြည်သူလူထုများ ပျော်ရွှင်ချမ်းမြေ့သော နွေဦးပွဲတော် နွှဲပျော်နိုင်ရန် အာမခံ ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။