ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ချမ်းအေးသော ရာသီဥတုကြောင့် ဂါဇာဒေသသည် လူနေထိုင်ရန် မသင့်တော်တော့ ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးဆို

(GMT+08:00)2024-01-27 17:46:16  

အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသ အခြေခံအဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပြီး ယင်းဒေသတွင် ရာသီဥတု အလွန်ချမ်းအေးသောကြောင့် ဂါဇာဒေသတွင် လူနေထိုင်ရန်  လုံးဝမသင့်တော်တော့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သတိပေး ပြောကြား ခဲ့ပါသည်။

  အစ္စရေးစစ်တပ်က စာသင်ကျောင်းများနှင့် ဆေးရုံများစသည့် အဓိက အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဂါဇာဒေသခံ အိုးမဲ့အိမ်မဲ့များ၏ နေထိုင်နိုင်မှုနေရာ ပိုမို ကျဉ်းမြောင်းလာပြီး အအေးဒဏ်ခံနိုင်သော ပစ္စည်းများလည်း မလုံလောက်သောကြောင့် လူအများက အအေးဒဏ်ကို ခံနိုင် မည် မဟုတ် ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖော်ပြခဲ့ပါသည်။