တရုတ်နှင့် အမေရိကန်တို့သည် ကူးလူးဆက်ဆံရေးကို တိုးမြှင့်ပြီး ကုမ္ပဏီများ၏ မျှော်မှန်းချက်များ တည်ငြိမ်စေရန် ကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးပေးသင့်ဟု တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-01-27 17:43:16  

ဇန်နဝါရီ လ ၂၆ ရက်နေ့  မွန်းလွဲပိုင်းက တရုတ် နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံပြီး တိုးတက်မှုဖြင့် တည်ငြိမ်မှုကို တိုးမြှင့်၍ ကုန်သွယ်မှု  အရည် အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အောင်မြင်မှုသစ်များ ရရှိခြင်းဆိုင်ရာ အကြောင်း အရာ များကို ရှင်းလင်းပြောကြားခဲ့သည်။ ကုန်သွယ်ရေး ဝန်ကြီးဌာန မှ သက်ဆိုင်ရာ တာဝန် ရှိသူက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနများအကြား တည်ထောင်ထားသော ကူးလူးဆက်ဆံရေး စနစ်ဖြင့် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု အတွက်၊ အထူသဖြင့် ကုမ္ပဏီများ၏ မျှော်မှန်းချက်များ တည်ငြိမ် စေ ရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ကို ဖန်တီးပေးရန် ကြိုးပမ်း ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။