၂၀၂၃ခုနှစ် ဥရောပတွင် ဝက်သက်ဖြစ်ပွားမှုသည် ၄၂၂၀၀ အထိ တိုးလာသည်ဟု WHOဆို

(GMT+08:00)2024-01-26 16:17:26  

    Agent France-Presse ၏သတင်းအရ ဥရောပ၌ ဝက်သက်ဖြစ်ပွားမှုအရေအတွက်သည် ၂၀၂၃ခုနှစ်မှာ ၄၂၂၀၀အထိတိုးလာခဲ့ပြီး ၂၀၂၂ခုနှစ်ကဖြစ်ပွားမှု ၉၄၁ ခုထက် ၄၅ဆနီးပါးတိုးလာသည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဒေသစံတော်ချိန် ၂၃ရက်နေ့တွင် ထုတ်ဖော်ခဲ့သည်။ ထို့အပြင် WHOက ပြန့်ပွားမှုကို ရပ်တန့်ရန် ကာကွယ်ဆေးထိုးနှံရေး  အရေးပေါ် ဆောင်ရွက်ရန် ပန်ကြားခဲ့ပါသည်။

   ဥရောပရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် နိုင်ငံ ၄၁နိုင်ငံသည် ဝက်သက်ရောဂါဖြစ်ပွားမှု ကြေညာခဲ့ပြီး ယင်းအနက် ရုရှားနိုင်ငံတွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပါသည်။