တရုတ်ပြည်လုံးနွေဦးပွဲတော်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်ပြီး သယ်ယူပို့ဆောင်ရေးဌာနတွေက အဆင်သင့်ဖြစ်နေပြီ

(GMT+08:00)2024-01-26 16:14:50  

    ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် ၂၀၂၄ခုနှစ် နွေဦးပွဲတော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးဌာနများသည် လာမည့် ရက်ပေါင်း ၄၀ အတွင်း လူပေါင်း ၉ ဘီလီယံခန့် ဒေသဖြတ်ကျော်သွားလာမှု အတွက် ကြိုတင်ပြင်ဆင်ခဲ့ သည်။

      နွေဦးပွဲတော်ကာလအတွင်း ခရီးသွားလာမှု နိုင်ငံတော်ကားလမ်းကွန်ရက်ပေါ်တွင် နေ့စဉ်ပျမ်းမျှ မော်တော်ယာဉ် စီးရေ ၃၇.၂ သန်းအထိရှိလာနိုင်ဖွယ်ရာရှိပြီး ပြည်နယ်ဖြတ်ကျော် အဝေးပြေးလမ်းခရီးများ သိသိသာသာတိုးလာမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံတွင်း မြို့ပြလေကြောင်းသည် နေ့စဉ် ပျမ်းမျှအားဖြင့် ခရီးသည် ၂ သန်းခန့် ပို့ဆောင်နိုင်မည်ဖြစ်ပြီး သမိုင်းစံချိန်သစ်တင်နိုင်မည်ဟု ခန့်မှန်းထားသည်။ လေကြောင်း ကုမ္ပဏီများစွာသည် လူကြိုက်များသော လေကြောင်း ခရီးစဉ်များကို တိုးပွားလာစေခဲ့သည်။