Pudong ရပ်ကွက်သစ် အထွေထွေ ပြုပြင်ပြောင်းလဲရေး စမ်းသပ်မှုလုပ်ငန်းနှင့် ပတ်သက်၍ တရုတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ရှင်းလင်းဖော်ပြ

(GMT+08:00)2024-01-26 16:14:14  

ဇန်နဝါရီလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေး ရုံးသည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး Pudong ရပ်ကွက်သစ် အထွေထွေ ပြုပြင် ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်းနှင့်ပတ်သက်သော အခြေအနေများ ရှင်းလင်းဖော်ပြကာ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

တရုတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ လီချွမ်လင်း က အထွေထွေပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ခြင်းမှာ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီမှ ပြုပြင်ပြောင်းလဲရေးနည်းလမ်းများအပေါ် အရေးကြီးသော စူးစမ်းလေ့လာမှုနှင့် ဆန်းသစ်တီထွင်မှု ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နှင့် တရုတ်နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့်အစီအစဉ်များကို အကောင်အထည် ဖော်ရန် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်သည် သက်ဆိုင်ရာ လုပ်ငန်းဌာနများ၊ ရှန်ဟိုင်းမြို့၊ Pudong ရပ်ကွက်သစ်နှင့်အတူ ၂၀၂၃ခုနှစ်မှ ၂၀၂၇ခုနှစ် အထိ “Pudong ရပ်ကွက်သစ် အထွေထွေ ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရေးစီမံချက်”ကို ရေးဆွဲပြီး မကြာသေးမီက တရားဝင်ထုတ်ပြန်ခဲ့ ကြောင်း၊ Pudong ရပ်ကွက်သစ် အထွေထွေ ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်းသည် တစ်နိုင်ငံလုံးသို့ မိတ်ဆက်ဖြန့်ချိနိုင်သော အတွေ့အကြုံကောင်းများ၊ နည်းလမ်းကောင်းများ ဖန်တီးပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီမှ စီစဉ်ထားသော ရှေ့ပြေးစီမံကိန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။