ဝမ်ယိ သည် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး အမေရိကန်နိုင်ငံသမ္မတ၏ အမျိုးသား လုံခြုံရေး လက်ထောက်အရာရှိ ဂျိတ်ဆူလီဗန် နှင့် တွေ့ဆုံမည်

(GMT+08:00)2024-01-26 16:12:39  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ၏ ဖိတ်ကြားချက်အရ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ‌ရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဇန်နဝါရီလ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား သဘောတူညီမှုအရ ဝမ်ယိ သည် အမေရိကန်နိုင်ငံသမ္မတ၏ အမျိုးသား လုံခြုံရေး  လက်ထောက်အရာရှိ ဂျိတ်ဆူလီဗန် နှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံမည် ဖြစ်ပါသည်။