ရှီကျင့်ဖိန်သည် တရုတ်-ပြင်သစ် သံတမန်အဆက်အသွယ်ထားရှိခဲ့သည့် နှစ်ပေါင်း ၆၀ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပွဲတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

(GMT+08:00)2024-01-26 16:10:44  

ဇန်နဝါရီလ ၂၅ရက်နေ့က တရုတ်-ပြင်သစ် သံတမန်အဆက်အသွယ်ထားရှိခဲ့သည့် နှစ် ပေါင်း ၆၀ပြည့်မြောက်ခြင်း အထိမ်းအမှတ်ဧည့်ခံပွဲကို တရုတ် အမျိုးသား ကဇာတ်ရုံကြီး၌ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့် နှစ်ပေါင်း ၆၀အတွင်း တရုတ်-ပြင်သစ် ဆက်ဆံရေးသည် တရုတ်နိုင်ငံနှင့်အနောက်တိုင်းနိုင်ငံများဆက်ဆံရေး၏ရှေ့တန်းနေရာ၌ အမြဲတမ်းတည်ရှိပြီး နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများဆောင်ကြဉ်းလာ၍ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကျိုးပြုစွမ်းဆောင်လာကြောင်း၊ ခေတ်သစ်တွင် တရုတ်နှင့်ပြင်သစ်တို့သည် သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် မူလစိတ်ရင်းဖြင့် အနာဂတ်ကို တက်ကြွစွာရှေ့ရှုပြီး အလုပ်ကို ရဲရဲဝံ့ဝံ့လုပ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ပြင်သစ်နိုင်ငံသမ္မတ မက်ကရွန်လည်း ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ၎င်းက ပြင်သစ်သည် တရုတ်နှင့်အတူ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ကြပြီး နိုင်ငံတကာအကျပ်အတည်းများဖြေရှင်းမှုကို တွန်းအားပေးရန် လက်တွဲကြိုးပမ်းအား ထုတ် လိုကြောင်း၊ ၂၀၂၄ခုနှစ်သည် ပြင်သစ်-တရုတ် ယဉ်ကျေးမှုခရီးသွားနှစ်လည်း ဖြစ်ပြီး နှစ်ဖက်တို့သည် အမျိုးအစားစုံလင်သောလှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ကြောင်း၊ မိမိတို့သည် ယင်းအခွင့်ကောင်းယူပြီး နှစ်နိုင်ငံပြည်သူများ အထူးသဖြင့် လူငယ်များအကြား ကူးလူးဖလှယ်မှုများကို ရင်းနှီးစေပြီး ပြင်သစ်-တရုတ်ဆက်ဆံရေး၏အနာဂတ်အတွက် ပိုမို ခိုင်မာသောအခြေခံ အုတ်မြစ်ချမှတ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။