ယူနန်ပြည်နယ် Zhenxiongခရိုင် တောင်မြေပြိုကျမှုကြောင့် ပျောက်ဆုံးခဲ့သော လူ၄၄ ယောက်လုံးကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် အားလုံးအသက်မရှိတော့

(GMT+08:00)2024-01-26 16:15:31  

ယူနန်ပြည်နယ် Shaotong မြို့ Zhenxiong ခရိုင်၌ ဇန်နဝါရီလ ၂၂ရက်နေ့က ဖြစ်ပွားခဲ့သော တောင်မြေပြိုကျမှု ကိုင်တွယ်ခြင်း ကွပ်ကဲရေးဌာနမှ သတင်းအရ ဇန်နဝါရီလ ၂၅ရက်နေ့ ည၈နာရီ ၄မိနစ်အထိ ပျောက်ဆုံးခဲ့သော လူ၄၄ယောက်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးအသက်ရှင်သောလက္ခဏာမရှိတော့ကြောင်း သိရသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် ဘေးသင့်ဒေသသို့ သွားလာသောလမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားပေးရေး နှင့် ဆက်သွယ်ရေးများ ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ကြောင်း၊ ဘေးသင့်ဒေသ၌ သက်ဆိုင်ရာ နေထိုင်မှုပစ္စည်းများ ဖူလုံကြောင်း၊ ဘေးအန္တရာယ်ကြီးကြပ် ရေး၊ နောက်ဆက်တွဲ ဆောင်ရွက်စရာစသည့် လုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။