ယူကရိန်းစစ်သား ၃၈,၀၀၀ ကျော်ကို လေ့ကျင့်ပေးပြီးဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-01-26 16:16:47  

  လက်ရှိတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၃၈၀၀၀ ကျော်သည် ဗြိတိန်စစ်တပ်နှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်များ၏ စစ်ရေးလေ့ကျင့်မှုများကို လက်ခံခဲ့ပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၂၄ရက်နေ့က ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုရှယ်မီဒီယာများမှာ ဖော်ပြခဲ့ပါသည်။

၎င်းတို့အနက် စစ်သားပေါင်း ၃၄၀၀၀ သည် "Interflex" ခြေလျင်တပ်လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြပြီး ကျန်သည့် ၄၀၀၀ တို့သည် ဆေးဘက်ဆိုင်ရာ၊ မရိန်းတပ်နှင့် ဗုံးရှင်းလင်းရေးနည်းပညာဆိုင်ရာ ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေးသင်တန်းများတွင် ပါဝင်ခဲ့ကြပါသည်။

ဗြိတိန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှ သတင်းအရ "Interflex" အစီအစဉ်ကို ၂၀၂၂ခုနှစ် ဇွန်လမှ စတင်ခဲ့ပြီး ယူကရိန်းအတွက် တပ်သားသစ်များ လေ့ကျင့်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။