IL-76 သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျမှုတွင် လေယာဉ်ပေါ်မှာ လိုက်ပါသူ အားလုံး သေဆုံးခဲ့ကြောင်း ရုရှား Belgorod ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောကြား

(GMT+08:00)2024-01-25 15:43:19  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရုရှား Belgorod ပြည်နယ် အုပ်ချုပ်ရေးမှူး Gladkov က သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် Korochansky ဒေသ လူနေရပ်ကွက် အနီးတစ်ဝိုက်ရှိ လယ်ကွင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်မှာ လိုက်ပါသူ အားလုံး သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က IL-76 သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်းသည် Belgorod ပြည်နယ်မှာ ပျက်ကျခဲ့ပြီး ‌ လေယာဉ်ပေါ်တွင် လေယာဉ် အမှုထမ်း ၆ ဦး၊ဖမ်းဆီးထားသော ယူကရိန်း တပ်သား ၆၅ ဦး နှင့် အစောင့်အကြပ် တာဝန်ရှိသူ ၃ဦးပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းကို ကိုးကား၍ RIA သတင်းဌာနက ရေးသားဖော်ပြထားသည်။