CMGနှင့် အန်တီဂွာနှင့်ဘာဘူဒါအသံလွှင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး MOU လက်မှတ်ရေးထိုး

(GMT+08:00)2024-01-25 15:44:47  

ဇန်နဝါရီလ ၂၄ရက်နေ့က အန်တီဂွာနှင့်ဘာဘူဒါနိုင်ငံ ဝန်ကြီးချုပ် Browneသည် တရုတ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဉက္ကဋ္ဌ Shen Haixiong နှင့် အန်တီဂွာနှင့်ဘာဘူဒါ နိုင်ငံခြားရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ဘာဘူဒါရေးရာဝန်ကြီး Greeneတို့သည် ဘေကျင်းမြို့၌ “China Media Groupနှင့် အန်တီဂွာနှင့်ဘာဘူဒါအသံလွှင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး MOU”ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြကြောင်း၊ နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် အဆိုပါချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုနှစ်များတွင် China Media Groupနှင့် အန်တီဂွာနှင့်ဘာဘူဒါအသံလွှင့်ဌာန တို့သည် ချစ်ကြည်ရေးကူးလူးဖလှယ်မှုများ ထိန်းသိမ်းထားပါသည်။ အန်တီဂွာနှင့်ဘာဘူဒါ အသံလွှင့်ဌာနသည် အန်တီဂွာနှင့်ဘာဘူဒါနိုင်ငံ နိုင်ငံတော်ပိုင် အသံလွှင့်၊ရုပ်မြင်သံကြား မီဒီယာဖြစ်ပြီး ၂၀၀၀ပြည့်နှစ်က ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ကာ ရုပ်မြင်သံကြားဌာန၊ အသံလွှင့်ဌာနနှင့် new မီဒီယာပလက်ဖောင်းများ ပိုင်ဆိုင်ထားပါသည်။