ရှီကျင့်ဖိန် သည် အန်တီဂွာနှင့်ဘာဘူဒါနိုင်ငံ ဝန်ကြီးချုပ် Browne နှင့် တွေ့ဆုံ

(GMT+08:00)2024-01-25 15:46:10  

    ဇန်နဝါရီလ ၂၄ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော အန်တီဂွာနှင့်ဘာဘူဒါနိုင်ငံ ဝန်ကြီးချုပ် Browne နှင့် တွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က အဆွေတော်ဝန်ကြီးချုပ်သည် တရုတ် ပြည်သူများ၏ မိတ်ဟောင်းဆွေဟောင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် ရန် အမြဲတမ်းအလေးထားဆောင်ရွက်ကာ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ခိုင်မာစွာ စောင့်စည်းလိုက်နာပြီး တရုတ်နိုင်ငံ၏ အမြုတေအကျိုးစီးပွားနှင့် အထူး အလေးထားကြသော ပြဿနာများတွင် တရုတ်နိုင်ငံကို ပြတ်ပြတ်သားသား ထောက်ခံ လျက်ရှိ၍ မိမိအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ အခြေအနေသစ်တွင် တရုတ်နိုင်ငံ အနေဖြင့် အန်တီဂွာနှင့်ဘာဘူဒါနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ ချိတ်ဆက်မှုကို အားသစ်လောင်းပေးပြီး တရုတ်-အန်တီဂွာနှင့်ဘာဘူဒါ ဆက်ဆံရေးတွင် ပိုမိုများပြားသော အောင်မြင်မှုများရရှိကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဝန်ကြီးချုပ် Browne က အဆွေတော်သည် မိမိနှင့်အဖွဲ့အား တွေ့ဆုံခွင့်ပေးသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုစွမ်းအားသည် ဘက်အသီးသီးတို့အတွက် ဉာဏ်ဖွင့်ပေးကြောင်း ပြောကြားခဲ့ပါသည်။